ဒီဘလောဂ်စာမျက်နှာကို ညောင်ညိုရိပ်အရှင်နှင့်ညောင်ကိုင်းသားတို့မှစုပေါင်းဖန်တီးထားခြင်းဖြစ်ပါသည်။လာရောက်အားပေးသူ ညီအစ်ကိုမောင်နှမများအနေဖြင့် အခန့်မသင့်၍သော်လည်းကောင်း၊အကြံပြုထောက်ပြတည့်မတ်ပေးစရာရှိခဲ့လျှင်သော်လည်းကောင်း၊အားမနာတမ်းထောက်ပြဝေဖန်ပေးကြစေလိုပါသည်။

Thursday, August 15, 2013

တောင်ပို့များ

ရင်ဘတ်တွေ မြည်ဟည်းပြီး

သွေးဒီးဒီး  ယိုပေးခဲ့တာတောင်

ဈေးကြီးကြီး ရော်ပေးဖို့ မပြောနဲ့

ခင်ဗျားတို့က......

ချွေးသီးလေး တစ်စက်မျှမကျ....။

Wednesday, May 29, 2013

အရောခံ

မနူးနပ်ခြင်း
အရူးဇာတ်သွင်း
ပူးသတ်ခြင်းများ

စနစ်အဖျဉ်း
လစ်အဟင်းမှာ
တစ်ရစ်ချင်းစား

အမှတ်မရှိ
နှစ်ထပ်ရှိမှ
ရပ်သိရွာကြား

ပါး..ပါး...ပါး..ပါး
သွေးတို့လုံးပါး..ပါး...။

Saturday, March 23, 2013

နှစ်ဖက်လှ




 မောင်ဖြူနဲ့ မောင်မည်း(မဲ)
အတူတူပဲလူ
ဒို့လည်းပဲ အတူတူ
မငြူစူကြကြေး...
အတူတူဖေးမ 
ငြိမ်းချမ်းဖို့အရေး ...။



Wednesday, March 6, 2013

အလွတ်ကောင်ချွတ်ခန်း

အရိုးအရွက်စည်သလောက်
အမျိုးဖျက်မည့် အညီအဟောက်တွေပဲများတယ်
ဥမမည် စာမမြောက် ဘာထောက်ညာထောက်နဲ့
အနှောက်ဉာဏ် အမြှောက်သန်
အာဂလောက်ဆန်တယ်..။

အမောက်သန်တိုင်း ကဗျာနဲ့ပေါက်ကြကြေးလား?
ကျုပ်ပြောချင်တယ်..
ခလောက်ဆန် အပျောက်နှံဖို့တော့
သဘောက်ဉာဏ်နဲ့ စာဖွဲ့မလျှောက်ကြကြေး။
အကြောက်သန်ရင်လည်း ဗလာနဲ့ လျှောက်မဖွကြေး။
 

Wednesday, February 13, 2013


တစ်လတစ်ခါ ကြွေတဲ့အလွမ်း၊
သံယောဇဉ် ကြေးနန်းလေးညှိ...
အမေ့ကို သတိရတယ်ဆိုတဲ့အကြောင်း...။

သာစေ...မာစေဖို့အကြောင်း
သီတာရေလောင်းစွက်
အမေ့ မေတ္တာ ပီတိတစ်ခွက်....။

အမေရေ.....
တစ်ခါတစ်လေတော့
ဆက်သွယ်ရေးဧရိယာပြင်ဘက်ပေါ့ အမေ...။


ပုံကို www.shutterstock.com မှယူပါသည်။

Wednesday, February 6, 2013

ကိုယ့်ဇာတ်ကိုယုံ၊လုံသင့်ပြီ

စည်းပြေသည့်ထင်း ၊
ပုံကိုသွင်းကြည့်၊
စွမ်းရင်းကွယ်ပျောက်၊
တစ်ချောင်းထောက်"အား"၊
မသန်ငြားဘူး။
ရန်များချိန်ရောက် ၊
မီးရှိန်တောက်မှ၊
မတောက်တစ်ချောင်း၊
 တောက်တစ်ချောင်းနှင့်၊
ပြန်ပေါင်းထုတ်ပွဲ၊
 မဆင်နွဲနှင့်။
သူကဲငါကဲ၊
တကဲကဲကို၊
ခုတည်းကရပ်၊
ဒို့မြေရပ်မှာ၊
ကိုယ့်ဇာတ်ကိုယ်ခြုံ(ယုံ) လုံသင့်ပြီ။

Monday, January 7, 2013

ခေါက်ရိုးကြေ

မညီတဲ့အရာ....မကြည်တဲ့သဒ္ဓါ
မတည်တဲ့အညာ
     မပီတဲ့သကာများ....
ခပ်များများ စစ်ထုတ်စရာ မလိုဘူး.။

ကျုပ်တို့စီမှာ.....
မသတီခဲ့တာတွေများတော့...
တကျွီကျွီ 'နဲ့' နေတာတွေပဲကြား...။