ဟောဒီ အောက်တိုဘာရဲ့ လှိုင်းပုတ်သံတွေက
နေ့စဉ်နှင့်အမျှလို ခဏခဏ ရင်ဘတ်ပေါ်ကျတယ်၊
နှလုံးသားကိုရှတယ်၊
ရှိစေတော့.....
အိမ်နောက်ကျောက လေအဝှေ့ခံလိုက်ရမှတော့
အိမ်အရှေ့တံခါးကို ပြေးပိတ်မနေတော့ဘူး၊
အိမ်အရှေ့တံခါးကို ပြေးပိတ်မနေတော့ဘူး၊
စစ်မျက်နှာ နှစ်ဘက်ဖွင့် ခပ်ရင့်ရင့်ပဲတက်လွင့်မယ်
လှေတွင်းက ပုဇွန်ကွေးကွေး
သွေးသာမရှိတယ်...
သွေးသာမရှိတယ်...
ခပ်နီနီ ညှီဟောင်ပုပ်
လှေဘောင်ပါ ဖြုတ်ရတော့မည့်ကိန်းပဲ။
မနှစ်ကတော့ အမိဧရာရဲ့ သေကိန်းမှာ
တစ်သက်တာ အစိမ်းတွေ ယိမ်းနွဲ့ ဝင်းမှည့်
တစ်သက်တာ အစိမ်းတွေ ယိမ်းနွဲ့ ဝင်းမှည့်
တွဲလက်တို့ခိုင်တယ်...။
ဒီနှစ်မှာတော့...ဓညဝတီရဲ့အယိမ်းဟာ
ဗမာပြည်(မြန်မာပြည်)ရဲ့ကိန်းပေမို့
သူစိမ်းမဆန်လိုက်ပါနဲ့.....သူစိမ်းမဆန်လိုက်ကြပါနဲ့...။
7 comments:
စစချင်းမှာပဲ နှလုံးသားကိုဆွဲခေါ်ခြင်းခံလိုက်ရတယ်
( အောက်တိုဘာရဲ့ လှိုင်းပုတ်သံတွေက
နေ့စဉ်နှင့်အမျှလို ခဏခဏ ရင်ဘတ်ပေါ်ကျတယ်၊
နှလုံးသားကိုရှတယ်)
ကောင်းလိုက်တဲ့အတွေး
လင့်တွေပျက်ကုန်လို့ခုပြန်ချိပ်လိုက်မယ်နော်
ခင်မင်တဲ့ sis jasmine
သီချင်းစာသားလေး ကောက်ညီးမိတယ်..
ဖြစ်သလို မေ့လိုက်ပေါ့..:)
အော်လို့ရတဲ့ဘောက်ကြီး ဘယ်ရောက်သွားသလဲ ဗိုလ်ညောင်...!
အမှိုက်ရှင်းရင်း မေ့သွားတာ ဟဟဟ...ခုမှပြန်ကြည့်မိလို့ ထည့်လိုက်ပြီ။ ကဲ... လှုပ်လို့ရပြီ...အဲလေ...အော်လို့ရပြီ :)
ဝါးး...မိုက်တယ်..ဒီကဗျာလေးအရမ်းသဘောကျတယ်..။
အင်းးးး
ဒီလောက်တော့ရတယ်..ဟီးးး
.. ကောင်းတယ် ကဗျာလေး
ခပ်ပိန်းပိန်းလေးက အဓိပ္ပါနက်နက်ကဗျာတွေဖတ်တော့
ခပ်ယဲ့ယဲ့လေးဘဲ နားလည်သွားတယ်။
အားပေးနေမယ်။
Post a Comment