ဒီဘလောဂ်စာမျက်နှာကို ညောင်ညိုရိပ်အရှင်နှင့်ညောင်ကိုင်းသားတို့မှစုပေါင်းဖန်တီးထားခြင်းဖြစ်ပါသည်။လာရောက်အားပေးသူ ညီအစ်ကိုမောင်နှမများအနေဖြင့် အခန့်မသင့်၍သော်လည်းကောင်း၊အကြံပြုထောက်ပြတည့်မတ်ပေးစရာရှိခဲ့လျှင်သော်လည်းကောင်း၊အားမနာတမ်းထောက်ပြဝေဖန်ပေးကြစေလိုပါသည်။

Saturday, April 12, 2014

နဖူးတွေ့ဒူးတွေ့ လောက

ငါချမ်းသာတာဆိုလို့ ဒုက္ခတစ်ပုံတပင်ထဲပါ

အဲဒီအတွက်...

ငါ့ကိုယ်ငါ ကောက်တင်ထားပြီးသား

ငါစီမံတာလည်း ကံစီမံရာပဲပေါ့

ကံစီမံတာလည်း ငါစီမံခဲ့၍သာ

လောကဓံမြစ်ရိုးတစ်လျှောက်

လှိုင်းဂယက်တို့ ထန်မောက်ပစေ

တက်မပျောက်ဖို့အတွက်

ဘဝသင်ရိုးကို အစပျိုးကတည်းက ပျိုးပြီးသား...။

ထင်းဖိုကကြွေတဲ့ မီးသွေး

ဒီထက် မည်းပေးစရာမလို

မီးညွန့်ကြောင့်မည်းညစ် မီးညွန့်ကြောင့်

ပြာဖြစ်

ဒါ....နစ်နာတာလား?

ငါတော့အဲဒီလို မထင်

ဘယ်ခေတ်ဘယ်ကာလများမှာဖြစ်ဖြစ်

ဒါ....နိယာမ တရားအစစ်ပဲ

အနာတစ်ခုအတွက်သာ အနာတရရှိကြေးဆိုရင်

တစ်ဘဝစာ အနာတွေ ဘယ်ဆေးမီတော့မလဲ

နှမျှောတသစွာ စတေးပေးလိုက်ရုံ...။

No comments: