ဒီဘလောဂ်စာမျက်နှာကို ညောင်ညိုရိပ်အရှင်နှင့်ညောင်ကိုင်းသားတို့မှစုပေါင်းဖန်တီးထားခြင်းဖြစ်ပါသည်။လာရောက်အားပေးသူ ညီအစ်ကိုမောင်နှမများအနေဖြင့် အခန့်မသင့်၍သော်လည်းကောင်း၊အကြံပြုထောက်ပြတည့်မတ်ပေးစရာရှိခဲ့လျှင်သော်လည်းကောင်း၊အားမနာတမ်းထောက်ပြဝေဖန်ပေးကြစေလိုပါသည်။

Friday, June 8, 2012

အချုပ်တမ်းဆရာဖေ၏ ကလိယုဂ်တေးထပ်


အချူပ်တမ်း ဆရာဖေ၏ တေးထပ်(ခေါင်းစဉ် မသိ၍ မရေးလိုက်ပါ)


ဝိပ္ပတ္တိ ခေတ်သမယ၊ ညစ်နိုင်မှ လူတော်။ ရိုးပြန်က အမိုက်ခေါ်သည်။ လော်လည်လျှင် ထင်ရှား။ မှန်အဖြောင့် ဓမ္မရင်မှာ၊ ဓားပြပင် ဖြစ်မည့်အလား။ ။ ကောက်အကျစ် နှောကာကြံလျှင်၊ သောတာပန် မခြား။ သြဘာသံ စကားနှင့်၊ ကြွားနိုင်မှ လိမ္မာ။ ၀င့်ဝါ၀ါ မူချော်စောင်းသူတို့၊ သူတော်ကောင်း ဖြစ်မည့်အခါ။ ။ လိမ်နိုင်မှ ဓိသမာ၊ က၀ိလျာ ခေါ်ကြလို့၊ ဟော်တ၀-ရူးတဲ့ဟန်၊ ထူးငဲ့ ခေတ်မှန်။ ကောသလ သုပိန္နံငယ်၊ မှုကြိမ်ဖန် ထပ်လွန်းလို့ လေး။ ။

ကြိုက်လွန်းလို့ ဗဟုသုတအဖြစ် မျှဝေပါသည်။