စည်းပြေသည့်ထင်း ၊
ပုံကိုသွင်းကြည့်၊
စွမ်းရင်းကွယ်ပျောက်၊
တစ်ချောင်းထောက်"အား"၊
မသန်ငြားဘူး။
ရန်များချိန်ရောက် ၊
မီးရှိန်တောက်မှ၊
မတောက်တစ်ချောင်း၊
တောက်တစ်ချောင်းနှင့်၊
ပြန်ပေါင်းထုတ်ပွဲ၊
မဆင်နွဲနှင့်။
သူကဲငါကဲ၊
တကဲကဲကို၊
ခုတည်းကရပ်၊
ဒို့မြေရပ်မှာ၊
ကိုယ့်ဇာတ်ကိုယ်ခြုံ(ယုံ) လုံသင့်ပြီ။
3 comments:
အင်း....
အငေါ အတူး ခံရပါများတော့ တိုင်းရေးပြည်ရေးလည်း သိပ်ပြောရဲဘူး ဘုရား...။
ကဗျာတိုလေးဆိုပေမဲ့
အများကြီးကိုတွေးမိပါတယ်
မလုံတဲ့သူတွေများနေလို့ပါ-----
ကဗျာလေးက တိုတိုလေး
တွေးစရာတွေက အများကြီး
အသိတွေနဲ့ သတိတွေလည်း ရှိခဲ့ရပေါ့
အလွမ်းမြို့လေး
Post a Comment