ဒီဘလောဂ်စာမျက်နှာကို ညောင်ညိုရိပ်အရှင်နှင့်ညောင်ကိုင်းသားတို့မှစုပေါင်းဖန်တီးထားခြင်းဖြစ်ပါသည်။လာရောက်အားပေးသူ ညီအစ်ကိုမောင်နှမများအနေဖြင့် အခန့်မသင့်၍သော်လည်းကောင်း၊အကြံပြုထောက်ပြတည့်မတ်ပေးစရာရှိခဲ့လျှင်သော်လည်းကောင်း၊အားမနာတမ်းထောက်ပြဝေဖန်ပေးကြစေလိုပါသည်။

Thursday, April 19, 2012

ကျွန်တော်တို့ ရွာ..ညောင်ကိုင်းရွာ

ဇာတိချက်ကြွေမွေရပ်မြေ (welcome to nyaungkaing)

ရွှေဘိုမြို့ရဲ့ အနောက်ဖက်မှာ
ဆယ့်နှစ်မိုင်ဝေးကွာ
လိုက်မယ်ဆိုရင် ခေါ်ချင်သား
ညောင်ကိုင်ရွာတဲ့ဗျား....။

ကျွန်တော်တို့ရဲ့ ဇာတိတစ်ခွင်
ကြည့်ရှုစရာစုံလင်
ရွာမြောက်ဘက်တွင် မူးမြစ်ကြီး
ရစ်ခွေပါလို့စီး...။

မြို့ကြီးသူများလာတဲ့အခါ
လိုက်ပို့ပေးချင်တာ
တန်ခိုးတော်မှာ လွန်ကြီးမား
စစ်ကဲကြီးဘုရား....။

ထိုမှတစ်ခါကြည့်စရာ
ရွာတောင် အင်းကြီးပါ..၊
ကြာမျိုးစုံစွာ ခူးချင်လား..?
လှေကလေး လှော်လို့သွား...။

စားသောက်စရာလည်း ပေါများတာ
ကျွန်တော်တို့ ညောင်ကိုင်းရွာ၊
လျှာလည်သွားမယ် အပိုမကြွား
ရွာထွက်သီးနှံများ....။

အားလုံးကလည်း ဖော်ရွေစွာ
သဘောကောင်းကြတာ..
မပြန်စေချင်ပါ ခေါ်လို့ထား
တစ်သက်လုံးကျွေးမယ်ဗျား....။


ညောင်ကိုင်းသား

2 comments:

ကိုရင် said...

ကျုပ်လည်း ညောင်ကိုင်းသားပေပဲဗျ..
သို့ပေတည့် ကေတုမတီ ညောင်ကိုင်း :D

အလွမ်းမြို့ said...

အရောက်တော့ သွားချင်မိတယ်။
အလည်တစ်ခေါက်တော့ ရောက်ခဲ့မယ်ဗျို့။
ကေတုမတီနဲ့ စစ်တောင်းတစ်ဖက်ကဆို
နီးစပ်တယ်။အဟီးး