ဒီဘလောဂ်စာမျက်နှာကို ညောင်ညိုရိပ်အရှင်နှင့်ညောင်ကိုင်းသားတို့မှစုပေါင်းဖန်တီးထားခြင်းဖြစ်ပါသည်။လာရောက်အားပေးသူ ညီအစ်ကိုမောင်နှမများအနေဖြင့် အခန့်မသင့်၍သော်လည်းကောင်း၊အကြံပြုထောက်ပြတည့်မတ်ပေးစရာရှိခဲ့လျှင်သော်လည်းကောင်း၊အားမနာတမ်းထောက်ပြဝေဖန်ပေးကြစေလိုပါသည်။

Wednesday, February 13, 2013


တစ်လတစ်ခါ ကြွေတဲ့အလွမ်း၊
သံယောဇဉ် ကြေးနန်းလေးညှိ...
အမေ့ကို သတိရတယ်ဆိုတဲ့အကြောင်း...။

သာစေ...မာစေဖို့အကြောင်း
သီတာရေလောင်းစွက်
အမေ့ မေတ္တာ ပီတိတစ်ခွက်....။

အမေရေ.....
တစ်ခါတစ်လေတော့
ဆက်သွယ်ရေးဧရိယာပြင်ဘက်ပေါ့ အမေ...။


ပုံကို www.shutterstock.com မှယူပါသည်။

3 comments:

စံပယ်ချို said...

အမြဲသတိရနေမိပါတယ် အမေကိုလေ
ဖုန်းလဲ မကြခဏဆက်ဖြစ်တယ်
တခါတလေတော့လဲ မြန်မာပြည်ရဲ့ အစဉ်အလာအတိုင်း
ဆက်သွယ်ရေးဧရိယာပြင်ဘက်ပေါ့နော်
ထပ်တူခံစားရင်းဖြင့်

အလွမ်းမြို့ said...

လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ
လိုင်းကြေး မပေးဆောင်ရသေးသဖြင့်
....ခေတ္တခဏ....ပိတ်ချင်သလောက် ပ
ပိတ်ထားပါမယ်ရှင်....


အမေ့ကိုလွမ်းနေတယ်ပေါ့။ အတူတူပါဘဲကွယ်။

အလွမ်းမြို့လေး

နွေတေးရှင် (မင်းဧရာ) said...

မှန်ပါ့ ဘုရား....
တခါတလေများ စိတ်ဖိစီးမှု့တွေ များလို့ အမေ့ကိုဖုန်းခေါ်
ဆက်သွယ်ရေး အပြင်ဘက်မှာပဲ ပြန် ပြန်အော်နေတယ် ။