ဒီဘလောဂ်စာမျက်နှာကို ညောင်ညိုရိပ်အရှင်နှင့်ညောင်ကိုင်းသားတို့မှစုပေါင်းဖန်တီးထားခြင်းဖြစ်ပါသည်။လာရောက်အားပေးသူ ညီအစ်ကိုမောင်နှမများအနေဖြင့် အခန့်မသင့်၍သော်လည်းကောင်း၊အကြံပြုထောက်ပြတည့်မတ်ပေးစရာရှိခဲ့လျှင်သော်လည်းကောင်း၊အားမနာတမ်းထောက်ပြဝေဖန်ပေးကြစေလိုပါသည်။

Thursday, August 15, 2013

တောင်ပို့များ

ရင်ဘတ်တွေ မြည်ဟည်းပြီး

သွေးဒီးဒီး  ယိုပေးခဲ့တာတောင်

ဈေးကြီးကြီး ရော်ပေးဖို့ မပြောနဲ့

ခင်ဗျားတို့က......

ချွေးသီးလေး တစ်စက်မျှမကျ....။

3 comments:

ပဥာက် said...

ရင်ထဲမှာ အပြည့်အမောက်သိုသိပ်ထည့်ထားရတာ..
မောသဗျာ..တခါတခါ..အဲ့ဒီ ခင်ဗျားတို့..ဆိုတာတွေနဲ့ ကင်းကွာလိုက်ချင်တယ်

ညောင်ညိုရိပ် said...

နေလို့မရ​တော့ တို့တို့​ပေးတာ မီးခိုးလုံးကြီး​တွေပဲ အူထွက်​​နေပါ​ပေါ့ 

မောင်​သစ္စာ

နွေတေးရှင် (မင်းဧရာ) said...

နေသာနေတဲ့ ခေတ်မှာ
လူဖြစ်လာကြရတော့
အလင်းဖျော့ သန်းခေါင် ကို
ဘယ်ကောင်မှ မကြုံဖူး
သိပ့်ကို ခါးတူးလွန်းတယ် ။