ညောင်ကိုင်းသားဆိုတဲ့ မောင်ရင် ဘလော့ကို ပစ်ထားရက်ပ။ သူများရေးမလား အောက်မေ့တယ် အခုတော့ ညောင်ညိုရိပ်မှာ ပင့်ကူတွေစွဲ အခက်အလက်တွေလည်း မစည်ဝေတော့ဘူး။ နေရက်ပါပေ့။ ဒီကတော့ဖြင့် စိတ်ချလက်ချ။ တော်သေးသပ သတိတရ ဝင်ကြည့်မိပေလို့သာ။ မဟုတ်ရင် ဒီလောက် ဖြစ်ပျက်နေတာ ကျုပ်သိမှာ မဟုတ်ဘူး။ ကိုယ်ကတော့ ပီတိတွေဖြစ်လို့၊ အော်..အခုလောက်ဆိုရင် ကိုယ်လူလည်း ဘလော့မှာ အထာတွေကျလို့နေမှာပဲဆိုပြီး စိတ်အေးလက်အေး။ တော်တော်နောက်တဲ့လူ စကားစပ်မိလို့တောင်မဟဘူး။ ကဲ...မောင်ရင် အကြောင်းပြန်ပါ။ ....
Tuesday, January 28, 2014
Thursday, August 15, 2013
တောင်ပို့များ
ရင်ဘတ်တွေ မြည်ဟည်းပြီး
သွေးဒီးဒီး ယိုပေးခဲ့တာတောင်
ဈေးကြီးကြီး ရော်ပေးဖို့ မပြောနဲ့
ခင်ဗျားတို့က......
ချွေးသီးလေး တစ်စက်မျှမကျ....။
Wednesday, June 26, 2013
Wednesday, May 29, 2013
အရောခံ
မနူးနပ်ခြင်း
အရူးဇာတ်သွင်း
ပူးသတ်ခြင်းများ
စနစ်အဖျဉ်း
လစ်အဟင်းမှာ
တစ်ရစ်ချင်းစား
အမှတ်မရှိ
နှစ်ထပ်ရှိမှ
ရပ်သိရွာကြား
ပါး..ပါး...ပါး..ပါး
သွေးတို့လုံးပါး..ပါး...။
အရူးဇာတ်သွင်း
ပူးသတ်ခြင်းများ
စနစ်အဖျဉ်း
လစ်အဟင်းမှာ
တစ်ရစ်ချင်းစား
အမှတ်မရှိ
နှစ်ထပ်ရှိမှ
ရပ်သိရွာကြား
ပါး..ပါး...ပါး..ပါး
သွေးတို့လုံးပါး..ပါး...။
Saturday, March 23, 2013
နှစ်ဖက်လှ
မောင်ဖြူနဲ့ မောင်မည်း(မဲ)
အတူတူပဲလူ
ဒို့လည်းပဲ အတူတူ
မငြူစူကြကြေး...
အတူတူဖေးမ
ငြိမ်းချမ်းဖို့အရေး ...။
Wednesday, March 6, 2013
အလွတ်ကောင်ချွတ်ခန်း
အရိုးအရွက်စည်သလောက်
အမျိုးဖျက်မည့် အညီအဟောက်တွေပဲများတယ်
ဥမမည် စာမမြောက် ဘာထောက်ညာထောက်နဲ့
အနှောက်ဉာဏ် အမြှောက်သန်
အာဂလောက်ဆန်တယ်..။
အမောက်သန်တိုင်း ကဗျာနဲ့ပေါက်ကြကြေးလား?
ကျုပ်ပြောချင်တယ်..
ခလောက်ဆန် အပျောက်နှံဖို့တော့
သဘောက်ဉာဏ်နဲ့ စာဖွဲ့မလျှောက်ကြကြေး။
အကြောက်သန်ရင်လည်း ဗလာနဲ့ လျှောက်မဖွကြေး။
Wednesday, February 6, 2013
ကိုယ့်ဇာတ်ကိုယုံ၊လုံသင့်ပြီ
စည်းပြေသည့်ထင်း ၊
ပုံကိုသွင်းကြည့်၊
စွမ်းရင်းကွယ်ပျောက်၊
တစ်ချောင်းထောက်"အား"၊
မသန်ငြားဘူး။
ရန်များချိန်ရောက် ၊
မီးရှိန်တောက်မှ၊
မတောက်တစ်ချောင်း၊
တောက်တစ်ချောင်းနှင့်၊
ပြန်ပေါင်းထုတ်ပွဲ၊
မဆင်နွဲနှင့်။
သူကဲငါကဲ၊
တကဲကဲကို၊
ခုတည်းကရပ်၊
ဒို့မြေရပ်မှာ၊
ကိုယ့်ဇာတ်ကိုယ်ခြုံ(ယုံ) လုံသင့်ပြီ။
Monday, January 7, 2013
ခေါက်ရိုးကြေ
မညီတဲ့အရာ....မကြည်တဲ့သဒ္ဓါ
မတည်တဲ့အညာ
မတည်တဲ့အညာ
မပီတဲ့သကာများ....
ခပ်များများ စစ်ထုတ်စရာ မလိုဘူး.။
ခပ်များများ စစ်ထုတ်စရာ မလိုဘူး.။
ကျုပ်တို့စီမှာ.....
မသတီခဲ့တာတွေများတော့...
တကျွီကျွီ 'နဲ့' နေတာတွေပဲကြား...။
မသတီခဲ့တာတွေများတော့...
တကျွီကျွီ 'နဲ့' နေတာတွေပဲကြား...။
Monday, December 10, 2012
Friday, November 23, 2012
လက်ကလီးယား
နျူးကလီးယား
ဖျက်အားပြင်းပြင်း
ဘယ်နှစ်စင်းက
ရုန့်ရင်းဆံခတ်
လူကိုသတ်လဲ.?
ကမ္ဘာဖျက်လဲ.?
စကားတစ်ထွာ
အက္ခရာမှားခင်း
လက်ကွက်နင်းတော့
ကမြင်းသလောက်..
ဟုန်းဟုန်းတောက်ပြီ..။
Tuesday, October 23, 2012
သူစိမ်းမဆန်ပါနဲ့
ဟောဒီ အောက်တိုဘာရဲ့ လှိုင်းပုတ်သံတွေက
နေ့စဉ်နှင့်အမျှလို ခဏခဏ ရင်ဘတ်ပေါ်ကျတယ်၊
နှလုံးသားကိုရှတယ်၊
ရှိစေတော့.....
အိမ်နောက်ကျောက လေအဝှေ့ခံလိုက်ရမှတော့
အိမ်အရှေ့တံခါးကို ပြေးပိတ်မနေတော့ဘူး၊
အိမ်အရှေ့တံခါးကို ပြေးပိတ်မနေတော့ဘူး၊
စစ်မျက်နှာ နှစ်ဘက်ဖွင့် ခပ်ရင့်ရင့်ပဲတက်လွင့်မယ်
လှေတွင်းက ပုဇွန်ကွေးကွေး
သွေးသာမရှိတယ်...
သွေးသာမရှိတယ်...
ခပ်နီနီ ညှီဟောင်ပုပ်
လှေဘောင်ပါ ဖြုတ်ရတော့မည့်ကိန်းပဲ။
မနှစ်ကတော့ အမိဧရာရဲ့ သေကိန်းမှာ
တစ်သက်တာ အစိမ်းတွေ ယိမ်းနွဲ့ ဝင်းမှည့်
တစ်သက်တာ အစိမ်းတွေ ယိမ်းနွဲ့ ဝင်းမှည့်
တွဲလက်တို့ခိုင်တယ်...။
ဒီနှစ်မှာတော့...ဓညဝတီရဲ့အယိမ်းဟာ
ဗမာပြည်(မြန်မာပြည်)ရဲ့ကိန်းပေမို့
သူစိမ်းမဆန်လိုက်ပါနဲ့.....သူစိမ်းမဆန်လိုက်ကြပါနဲ့...။
Friday, June 8, 2012
အချုပ်တမ်းဆရာဖေ၏ ကလိယုဂ်တေးထပ်
အချူပ်တမ်း ဆရာဖေ၏ တေးထပ်(ခေါင်းစဉ် မသိ၍ မရေးလိုက်ပါ)
ဝိပ္ပတ္တိ ခေတ်သမယ၊ ညစ်နိုင်မှ လူတော်။ ရိုးပြန်က အမိုက်ခေါ်သည်။ လော်လည်လျှင် ထင်ရှား။ မှန်အဖြောင့် ဓမ္မရင်မှာ၊ ဓားပြပင် ဖြစ်မည့်အလား။ ။ ကောက်အကျစ် နှောကာကြံလျှင်၊ သောတာပန် မခြား။ သြဘာသံ စကားနှင့်၊ ကြွားနိုင်မှ လိမ္မာ။ ၀င့်ဝါ၀ါ မူချော်စောင်းသူတို့၊ သူတော်ကောင်း ဖြစ်မည့်အခါ။ ။ လိမ်နိုင်မှ ဓိသမာ၊ က၀ိလျာ ခေါ်ကြလို့၊ ဟော်တ၀-ရူးတဲ့ဟန်၊ ထူးငဲ့ ခေတ်မှန်။ ကောသလ သုပိန္နံငယ်၊ မှုကြိမ်ဖန် ထပ်လွန်းလို့ လေး။ ။
ကြိုက်လွန်းလို့ ဗဟုသုတအဖြစ် မျှဝေပါသည်။
Thursday, May 3, 2012
Tuesday, April 24, 2012
ဓားစာခံ
(၁)
ကိုယ့်ကိုယ်ကိုယ် အတ္တနော နာမထောကြတာနဲ့များ
သူတို့..သူတို့ရဲ့မြင့်မိုရ်တွေကို သဘာဝနဲ့ရယ်သွမ်းသွေးတယ်..။
(၂)
မြင့်မိုရ်တွေက ကွေးကောက်တာလား..?
သဘာဝက သွေးသောက်တာလား..?
No!
မြင့်မိုရ်တွေ ပြိုတာ ဘယ်တုန်းကကြားဖူးလဲ..?
သဘာဝကြီးလည်း အသောက်ခံရတာ...
(၃)
ဒါပေမယ့် မြင့်မိုရ်တွေကိုဖြိုချင်ပုံရတယ်
သဘာဝကြီးငို့လို့...( ဆင်ခြေ )
ဘယ်လို ဒဿနိကကြီးတွေပါလိမ့်..
မြင့်မိုရ်ကြီးတွေမှာ အခြောက်တိုက် ဆီအလိမ်းလိမ်း...။
ကိုယ့်ကိုယ်ကိုယ် အတ္တနော နာမထောကြတာနဲ့များ
သူတို့..သူတို့ရဲ့မြင့်မိုရ်တွေကို သဘာဝနဲ့ရယ်သွမ်းသွေးတယ်..။
(၂)
မြင့်မိုရ်တွေက ကွေးကောက်တာလား..?
သဘာဝက သွေးသောက်တာလား..?
No!
မြင့်မိုရ်တွေ ပြိုတာ ဘယ်တုန်းကကြားဖူးလဲ..?
သဘာဝကြီးလည်း အသောက်ခံရတာ...
(၃)
ဒါပေမယ့် မြင့်မိုရ်တွေကိုဖြိုချင်ပုံရတယ်
သဘာဝကြီးငို့လို့...( ဆင်ခြေ )
ဘယ်လို ဒဿနိကကြီးတွေပါလိမ့်..
မြင့်မိုရ်ကြီးတွေမှာ အခြောက်တိုက် ဆီအလိမ်းလိမ်း...။
Friday, April 20, 2012
အပြစ်မတင်ပါနဲ့ 
ဒီစာကိုဒေါက်တာခင်မောင်ညိုကရေးသားထားတာပါ..ဒီစာကိုဖတ်ခဲ့ တာကြာပါပြီ..အရမ်းလဲကြိုက်ခဲ့ ပါတယ်
ဘာလို့ လဲဆိုတော့ ကျွန်တော်တို့ လူငယ်တွေအတွက်ပညာဗဟုသုတတွေတိုးပွားစေပါတယ်အဲဒါကြောင့် ပြန်ပြီး
မျှဝေလိုက်ပါတယ်
ဘာလို့ လဲဆိုတော့ ကျွန်တော်တို့ လူငယ်တွေအတွက်ပညာဗဟုသုတတွေတိုးပွားစေပါတယ်အဲဒါကြောင့် ပြန်ပြီး
မျှဝေလိုက်ပါတယ်
လူငယ်များအတွက်စကားလက်ဆောင်
အပြစ်မတင်ပါနဲ့ 
အပြစ်မတင်ပါနဲ့ 
A bad workman always blames his tools.
Anonymous(Proverb)
မတော်တဲ့ အလုပ်သမားဟာ သူရဲ့  ကိရိယာကို အပြစ်တင်တယ်။
အမည်မသိစာဆို (စကားပုံ)
လူတွေဟာ တစ်ယောက်ကိုတစ်ယောက် အပြစ်ပုံချတတ်တာ လူ့ သမိုင်းအစကတည်းကပဲ။သို့ သော် တည်ကြည် သိက္ခာရှိသူကတော့ သူတစ်ပါးကို အပြစ်မတင်တတ်ဘူး။၁၉၈၀ ခုနှစ် ပတ်ဝန်းကျင်က အင်မတန်ဆိုးတဲ့  ရာဇ၀တ်ကောင်တစ်ယောက်ဟာ ချီကာဂိုထောင်ထဲကိုရောက်လာသတဲ့ ။ ဒါကိုကြားတော့ ဂျာနယ်လစ်တွေဟာ သူ့ ကို အင်တာဗျူးလာလုပ်ကြတယ်။သူ့ အမည်ကိုဒေးဗစ်လို့ ပဲ မှတ်သားထားပါစို့ 
ဂျာနယ်လစ်ကမေးတယ်....
"ဒေးဗစ်ခင်ဗျားဟာ ခုစွပ်စွဲခံရတဲ့ ရာဇ၀တ်မှု့ တွေကျူးလွန်တယ်ဆိုတာမှန်ပါသလား"
"မှန်ပါတယ် ကျွန်တော်ဟာ လူသတ်တယ်၊ ဘဏ်ဓားပြတိုက်တယ်၊ ပြန်ပေးလဲဆွဲဘူးတယ်၊ ဒါတွေကိုရုံးတော်
မှာဝန်ခံခဲ့ ပါတယ်"
"ဟုတ်ကဲ့  ကျွန်တော်တို့ က ခင်ဗျားပြောချင်တာတွေရှိရင် ပြောနိုင်အောင်လို့ ပါ၊ အမှုမှန်မမှန်လည်းသိချင်ပါ
တယ်။
" စွပ်စွဲချက်တွေမှန်ပါတယ်။ ကျွန်တော် ထောင် နှစ်(၂၀) ကျခံရပါတယ်။
"ဒါနဲ့ တစ်ခုမေးချင်ပါတယ်။ ခင်ဗျားဒီလိုဆိုးသွမ်းလာတာ ဘာကြောင့် ပါလဲ"
"အဖေဟာ အရက်သောက်တယ်၊ ဖဲရိုက်တယ်၊ လောင်ကစားတွေလုပ်တယ်၊ မူယစ်ဆေးဝါးတွေသုံးတယ်၊ အမေ
လည်းမထူးပါဘူး၊ ကျွန်တော်တို့ ကလေးဘ၀မှာပဲ အမေနဲ့ အဖေ အိမ်ထောင်ကွဲတယ်"။
"ဒါဆိုရင်အိမ်နီးနားချင်ဆွေမျိုးတွေ ဆွေမျိုးတွေကော"
"ဘယ်သူမှမကောင်းဘူး။ ကျွန်တော်ကြီးပြင်းလာတဲ့  ပတ်ဝန်းကျင်မှာလည်း မကောင်းတဲ့ မိန်းမ အရက်တွေနဲ့ ပြည့် နေတာပဲ"။
"ဒါနဲ့ ....."...
"ဘာပြောစရာလိုသေးလဲ။ ဒီလိုမိဘ ဒီလိုပတ်ဝန်းကျင်ကနေကျွန်တော်လိုလူဆိုးမွေးလာတာ ဆန်းလား"
သတင်းထောက်တွေပြန်ခဲ့ ကြတယ်..။
သတင်းထောက် တွေဟာမေးရင်းစမ်းရင်း ဒေးဗစ်မှာညီအရင်းတစ်ယောက်ရှိတယ်ဆိုတာကိုသိကြတယ်။
သူရဲ့ ညီဂျွန်ဟာ ကာလီဖိုးနီးယားမှာ ရှိသတဲ့ ။
သူတို့ ဟာဂျွန်ကိုမရ ရအောင်သွားရှာတယ် ။ တကယ်တော့ ရှာရတာမခက်လှပါဘူး။ ဂျွန်ဟာအင်မတန်ကြီးကျယ်တဲ့ MDဘွဲ့ ရ သမားတော်ကြီး ဖြစ်နေလို့ ပါပဲ။
သတင်းထောက်တွေကဂျွန်ကိုမေးတယ်။
"ခင်ဗျား၊ ဘယ်တက္ကသိုလ်က ဘွဲ့ ရတာလဲ"။
"ဟာဘတ် ဆေးတက္ကသိုလ်ကပါ"
ဒီတက္ကသိုလ်ဟာအမေရိကန်ပြည်ထောင်စုမှာထိပ်တန်းတက္ကသိုလ်ပဲ။
"ဟုတ်ကဲ့ ခင်ဗျားဘ၀အကြောင်းသိချင်လို့ ပါ"
"ခင်ဗျားတို့ ကြားရင်အံ့ သြသွားမလားမသိဘူး။ "အဖေဟာ အရက်သောက်တယ်၊ ဖဲရိုက်တယ်၊ လောင်ကစားတွေလုပ်တယ်၊ မူယစ်ဆေးဝါးတွေသုံးတယ်၊ အမေလည်းမထူးပါဘူး၊ ကျွန်တော်တို့ ကလေးဘ၀မှာပဲ အမေနဲ့ အဖေ အိမ်ထောင်ကွဲတယ်။ကျွန်တော်တို့  အကြီးအကျယ်ဒုက္ခရောက်တယ်။ အဖေရောအမေရောကျွန်တော်တို့ ကိုပြန်မကြည့် ဘူး"။
"ဒါဆိုရင် အိမ်နီးနားချင်းတွေ ဆွေမျိုးတွေကော"....
"မကြည့် ဘူး။ ကျွန်တော်တို့ တစ်တွေ ကလေးဂေဟာကို ရောက်သွားတယ်"။
"ဒါနဲ့ ...."
"အဲဒီကဘ၀ဆိုတာ အင်မတန်ကြမ်းတယ်လေ။ ခင်ဗျားလည်းသိသားပဲ။ ရာဇ၀တ်မှုကျူးလွန်တဲ့ ကလေးတွေနဲ့  နေရတာ။ဒါနဲ့ ကျွန်တော်စဉ်းစားတာပေါ့။ ကျွန်တော် အရက်တွေ သောက်ပြီး ဆိုးသွမ်း နေရင် အဖေ့ လို ဖြစ်မယ်။ ဒီဘ၀က ရုန်းထွက်နိုင်မယ် မဟုတ်ဘူး။”
“ဒီတော့ ဘာလုပ်လဲ”
“ ဒါ ကျွန်တော်ရဲ့  ဘ၀လို့  ခံယူလိုက်တယ်။ ဘယ် သူ့ ကို မှ အပြစ်မတင်ဘူး။ ဒီအခါ မှာ စိတ်ဆင်းရဲမှု့ တွေ ပျောက်သွားတယ်။အဲဒီနောက် ကျွန်တော်ဟာ ကြိုးစားတော့ တာပဲ။”
“အောင်မြင်လား”
“ချက်ချင်းတော့ မအောင်မြင်ဘူး ။ ဒါပေမယ့်  လိုချင်ရင်ရတာပဲ။”
”ခင်ဗျား လို လူတွေကို ဘ၀တိုးတက်စေဖို့  ဘာတွေ ပြောချင်သေးလဲ”
“အင်း ၊အမှတ်တစ်ခုကနေ နောက်တစ်ခုကို ရောက်အောင်သွားဖို့ အတွက် အမြန်ဆုံး လမ်းဟာ မျဉ်းဖြောင့်တဲ့ ။ ဘ၀တစ်ခုကနေ နောက် တစ်ခု ကို ကူးဖို့  အမြန်ဆုံး လမ်းဟာ ဘယ် သူ့ ကိုမှ အပြစ်မတင်ဘဲ လျှောက်လှမ်းခြင်းပါပဲ”
xxxx
ဒီတော့  လူငယ်တွေ အတွက် စကားလက်ဆောင်ပေးပါရစေ ။လူငယ်တွေရဲ့  ဘ၀ ကိုတိုးတက်စေဖို့  ကောင်းတဲ့  လမ်းက လျှောက် ပါ။ ဖြောင့် မတ်တဲ့  လမ်းက လျှောက်ပါ။ ဘယ်သူ့ ကို မှ အပြစ်မတင်ပါနဲ့  ။ ရည်မှန်းချက်ပန်းတိုင်တိတိကျကျ ချမှတ်ပါ။
ညောင်ကိုင်းသား
Thursday, April 19, 2012
ကျွန်တော်တို့ ရွာ..ညောင်ကိုင်းရွာ
ဇာတိချက်ကြွေမွေရပ်မြေ (welcome to nyaungkaing)
ရွှေဘိုမြို့ရဲ့ အနောက်ဖက်မှာ
ဆယ့်နှစ်မိုင်ဝေးကွာ
လိုက်မယ်ဆိုရင် ခေါ်ချင်သား
ညောင်ကိုင်ရွာတဲ့ဗျား....။
ကျွန်တော်တို့ရဲ့ ဇာတိတစ်ခွင်
ကြည့်ရှုစရာစုံလင်
ရွာမြောက်ဘက်တွင် မူးမြစ်ကြီး
ရစ်ခွေပါလို့စီး...။
မြို့ကြီးသူများလာတဲ့အခါ
လိုက်ပို့ပေးချင်တာ
တန်ခိုးတော်မှာ လွန်ကြီးမား
စစ်ကဲကြီးဘုရား....။
ထိုမှတစ်ခါကြည့်စရာ
ရွာတောင် အင်းကြီးပါ..၊
ကြာမျိုးစုံစွာ ခူးချင်လား..?
လှေကလေး လှော်လို့သွား...။
စားသောက်စရာလည်း ပေါများတာ
ကျွန်တော်တို့ ညောင်ကိုင်းရွာ၊
လျှာလည်သွားမယ် အပိုမကြွား
ရွာထွက်သီးနှံများ....။
အားလုံးကလည်း ဖော်ရွေစွာ
သဘောကောင်းကြတာ..
မပြန်စေချင်ပါ ခေါ်လို့ထား
တစ်သက်လုံးကျွေးမယ်ဗျား....။
ညောင်ကိုင်းသား
ရွှေဘိုမြို့ရဲ့ အနောက်ဖက်မှာ
ဆယ့်နှစ်မိုင်ဝေးကွာ
လိုက်မယ်ဆိုရင် ခေါ်ချင်သား
ညောင်ကိုင်ရွာတဲ့ဗျား....။
ကျွန်တော်တို့ရဲ့ ဇာတိတစ်ခွင်
ကြည့်ရှုစရာစုံလင်
ရွာမြောက်ဘက်တွင် မူးမြစ်ကြီး
ရစ်ခွေပါလို့စီး...။
မြို့ကြီးသူများလာတဲ့အခါ
လိုက်ပို့ပေးချင်တာ
တန်ခိုးတော်မှာ လွန်ကြီးမား
စစ်ကဲကြီးဘုရား....။
ထိုမှတစ်ခါကြည့်စရာ
ရွာတောင် အင်းကြီးပါ..၊
ကြာမျိုးစုံစွာ ခူးချင်လား..?
လှေကလေး လှော်လို့သွား...။
စားသောက်စရာလည်း ပေါများတာ
ကျွန်တော်တို့ ညောင်ကိုင်းရွာ၊
လျှာလည်သွားမယ် အပိုမကြွား
ရွာထွက်သီးနှံများ....။
အားလုံးကလည်း ဖော်ရွေစွာ
သဘောကောင်းကြတာ..
မပြန်စေချင်ပါ ခေါ်လို့ထား
တစ်သက်လုံးကျွေးမယ်ဗျား....။
ညောင်ကိုင်းသား
Subscribe to:
Posts (Atom)



